ကျောင်းကုန်းမြို့၌ စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဟောပြောပွဲ ကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌စာသင် ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(၁)ကျောင်း အုပ်ဆရာကြီး ဦးဆန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ဝင်းက မိမိတို့အိမ်တွင် မီးဖိုအသုံးပြုပုံနှင့် ဘုရားဆီမီး၊ အမွှေးတိုင်ပူဇော်လျှင် ဖယောင်းတိုင်မီးသုံးစွဲမှုအား အထူးဂရုစိုက်ကြဖို့လိုကြောင်း၊ လျှပ်စစ်ဓာတ်အား အသုံးပြုလျှင် ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေလျှင် သတိထားလဲလှယ်ကြဖို့လိုကြောင်း၊ အဆင့်မြင့်တိုက်များ မီးလောင်လျှင် ဆင်ခြင်ရမည့်အချက်များ၊ ဓာတ်ဆီဖြည့်လျှင်၊ ဒီဇယ်ဖြည့်လျှင် ရှောင်ကျဉ်ရမည့် အချက်များကို မှာကြားခဲ့သည်။ ထို့နောက် မီးဘေးလုံခြုံရေးဆိုင်ရာ အချက်အလက်များ ပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)