ပုဗ္ဗသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥယျာဉ်အုပ်စု၊ ဆင်တဲကြီးကျေးရွာ၌ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။                         

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဥယျာဉ်အုပ်စု၊ ဆင်တဲကြီးကျေးရွာရှိ အိမ်ခြေ ၂၄၅ လုံးသို့ သွားရောက်ပြီး  မီးလောင်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးအတွက် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်ရှိရေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ မီးဖိုအသုံးပြုသည့်နေအိမ်များ၊ အခြားမီးသုံးစွဲသည့် နေအိမ်များကို မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့်နည်းလမ်းများကို လှည့်လည်အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)