မုံရွာ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic)ဟင်းသီးဟင်းရွက် စိုက်ပျိုုးမှုနည်းပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများနှင့်ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးသက်အောင်က ပြောပြသည်။
မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic) ဟင်းသီးဟင်းရွက် စိုက်ပျိုုးမှုနည်းပညာပေးလုပ်ငန်းများနှင့် စပ်လျဥ်းပြီး နည်ပညာပေးပြပွဲ တာဝန်ခံ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို ၁၂ ရာသီမရွေး စဥ်ဆက်မပျက် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရာသီဥတုကို ဖန်တီးပြီးတော့ မြေဆီလွှာကိုအသုံးမပြုဘဲ အဟာရရေဖြင့်လည်ပတ်၍ စိုက်ပျိုးနိုင်ပြီး စိုက်ခင်းတွေလို နေရာကျယ်စရာမလိုဘဲ နေရာကျဥ်းသော လူနေအိမ်တိုက်တာခြံဝန်းအတွင်း၌လည်း ဝင်ငွေရအောင် စလပ်ရွက်၊မုန့်ညှင်း နှင့်ဟင်းခတ်အမွှေး အကြိုင်များ ကန်စွန်းစသည့်အပင်မျိုးစေ့များကို ရှင်သန်ကြီးထွားအောင် စိုက်ပျိုးနိုင်အောင် နည်းပညာပေးခြင်းဖြစ်ပါတယ်။
မိမိတို့စိုက်ပျိုးခြင်တဲ့ မျိုးစေ့တွေကို ဖောတုံးတစ်လက်မခန့်ထဲသို့ထည့်၍ အဟာရေဖြင့် စတင်ပျိုး၍ (၁၅)ရက်အကြာတွင် မိမိတို့လိုသလို မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic)ဖြင့် မွေးမြူရပါတယ်။ ထိုသို့ဟင်းသီးဟင်းရွက်များ မွေးမြူစိုက်ပျိုးရာတွင် အဟာရရေဒြပ်အဖြစ် လိုအပ်တဲ့ PH,EC ဆိုပြီးတိုင်းတာပြီး အနည်းလို၊ အများလို solution A, B ဆိုပြီး နှစ်မျိုးထည့်ပေးရပါတယ်။ အဓိကအနေဖြင့် ရေလည်ပတ်နေဖို့ဖြစ်ပါတယ်။ ယခုနည်းပညာများကို အစ္စရေးနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေပါတယ် မြန်မာနိုင်ငံတွင်လည်း နေပြည်တော်တွင် စတင်ဆောင်ရွက်နေပြီး ကျွန်တော်တို့ တိုင်းဒေသကြီး မှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုသွားနိုင်အောင် အလေးထားဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ယခုလို စိုက်ပျိုးရေးနည်းပညာများဟာ ကျေးလက်နေတောင်သူများအပြင် မြို့ပေါ်နေ ပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်နိုင်ကာ ပိုးမွှားအန္တရာယ် ကင်းရှင်းပြီး မြေလွှာမဲ့ဖြစ်တဲ့အတွက်ကြောင့် ဆေးဖျန်းဖို့မလိုသည့်အတွက် ကုန်ကျစရိတ်သက်သာကာ သန့်ရှင်းလတ်ဆက်စွာ စားသုံးနိုင်မှာဖြစ်သလို မိသားစုဝင်ငွေလည်းတိုးလာမှာဖြစ်ကြောင်းနှင့် စိတ်ပါဝင်းစားသူများအတွက် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic) ဟင်းသီးဟင်းရွက်စိုက်ပျိုုးမှုနည်းပညာများကို စဥ်ဆက်မပျက် အသိပညာပေးသည့်အပြင် ဆက်စပ်ပစ္စည်းများကိုလည်း မိမိတို့စိုက်ပျိုးရေးဦးစီးဌာနမှ အထူးအလေးထားကူညီပြီး ချိတ်ဆက်မှာယူဆောင်ရွက်ပေးပါတယ်” ဟု ပြောကြားသည်။
ခရိုင်(ပြန်/ဆက်)