လပွတ္တာ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများ ဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ (၇)ရက်နေ့ ည ၁၀ နာရီ ကစတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလှိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့များ အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွဋ်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့မှ အမှတ်(၆)ရပ်ကွက် သဇင်လမ်းနှင့် သင်္ဘောဆိပ်တို့၌ ဧည့်စာရင်းစစ်ဆေးခြင်း များ ဆောင်ရွက်ကြသည်။
လပွတ္တာမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ အကြမ်းဖက်သမားများ ဘေးရန်မှ ကင်းဝေး၍ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှုခင်းကြိုတင် ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)