သတင်းများ

ရွှေတောင်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူ
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယွန်းတန်းရပ်ကွက်၊ ရွှေမျက်မှန်ဘုရားရှေ့နှင့် ကြာနီကန်ရပ်ကွက်၊ မြို့ဝင်တိုးဂိတ်အနီးတို့တွင် စိုက်ထူခဲ့ကြသည်။
ကြံခင်းမြို့နယ် (အ.ထ.က)ခွဲ ချောင်းခွကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖြင့် ပြည့်စုံသော ကျောင်းသား/သူများ ဖြစ်လာစေ ရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်၊ (အ ထ က) ခွဲ ချောင်းခွကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 09,2024
ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြည်မြို့နယ် ပေါင်းတလည်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကိုးပင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
Feb 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကိုးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း ရက်တိုသင်တန်း ဖွင့်လှစ်
Feb 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ် (၅) ရပ်ကွက်ရှိ ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အင်္ဂပူမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းပင်ကန်ကျေးရွာနှင့် တလုတ်ကုန်းကျေးရွာတို့တွင် ကွန်ကရစ်လမ်းဖွင့်လှစ်
Feb 09,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေရွာနှင့် တလုတ်ကုန်း ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
မြန်အောင်မြို့နယ် နွေစပါး "ပန်းတိုင်" အထွက်နှုန်းရရှိရေး စိုက်စနစ်ပြောင်းလဲရေးအတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Feb 09,2024
မြန်အောင်မြို့နယ် နွေစပါး "ပန်းတိုင်" အထွက်နှုန်းရရှိရေး စိုက်စနစ်ပြောင်းလဲရေးအတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်က လဟာပေါက်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေတောင်သူ ဦးအုန်းလွင်ကွင်းအမှတ် ၂၃၇(က)၊ ဦးပိုင် ၇၉၊ ၈၀ လယ်မြေ (၂)ဧကတွင် ကျင်းပသည်။
ပုံပါကျင်မြို့၊ ရပ်ကွက် (၂) အတွင်းရှိ နေအိမ်များနှင့် ဈေးအ‌ရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရပ်ကွက် (၂) အတွင်းရှိ နေအိမ်များနှင့် ဈေးအရောင်းဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။