ကျောက်တလုံးကြီးမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Feb 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ပြည်ထောင်စုနေ့အကြောင်းအရာများကို သိရှိနိုင်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.လ.က ကနိုင်တော့၊ အ.မ.က ထီပြွန်နှင့် အ.မ.က နောင်ယာဆိုင်းကျောင်းများသို့ နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်သည်။