မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မန်ကန် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးကပ် (တာဝန်ခံ) က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၀)ဦးက စာစီစာကုံးပြိုင်ပွဲ အားလည်းကောင်း၊ မူလတန်းအဆင့်မှ ကျောင်းသား/ကျောင်းသူ (၂၀)ဦးက ကဗျာရွတ်ပြိုင်ပွဲအား လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား/ ကျောင်းသူများကို မန်ကန်မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အေးကပ် (တာဝန်ခံ) မှ ဆုများအသီးသီးချီးမြှင့်  ခဲ့ကြောင်းသိရသည်။

အေးကပ် (မြို့နယ်၊ ပြန်/ဆက်)