ခန္တီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ခန္တီး ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် စာအုပ်/စာစောင်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့က အ.မ.က(၈) ကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းသား/သူ လူငယ်လေးများအား အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာအုပ်စာပေ လေ့လာဖတ်ရှုလိုစိတ်များ ပေါ်ပေါက်လာစေရန် စာအုပ်/စာစောင်များပြသခဲ့ရာ ကလေးငယ်များက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြသည်။ ကလေးအလုပ်သမားနှင့် ပတ်သက်သည်များအား သိရှိ နားလည်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေထားသည့် ကလေး အလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး ဇေယျာရွှေမြေ လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူလေးများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)