ကျုံပျော် ဖေဖော်ဝါရီ ၉
ကျောင်းသား လူငယ်များ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)၌ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသူလေးများက အလှကမ္ဘာမြေ သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးဝင်းနှင့် ကျောင်းသားမိဘ ဦးတင်ဦးတို့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများအား ဆွေးနွေးဟောပြောကြသည်။
ထို့နောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသူလေးများက ထာဝရမြန်မာသီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်း အနားအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)