သတင်းများ

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးဝါးတက္ကသိုလ် (မန္တလေး) တွင် ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 11,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောတွင်ကျေးရွာအနီးရှိ ဆေးဝါးတက္ကသိုလ် (မန္တလေး) တွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထမနဲထိုးပြိုင်ပွဲကို အဆိုပါကျောင်းရှိ ဘက်စုံခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အောင်ဇေယျအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနား ကျင်းပ
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ယနေ့နေ့လယ် (၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး အစမ်းလေ့ကျင့်မှု မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြည့်ရှုအားပေး၊ မြို့တွင်းလမ်းလယ်ကျွန်းများနှင့် မြို့အဝင် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ယနေ့ညနေက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး အစမ်းလေ့ကျင့်မှုအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်ကြည့်ရှုအားပေး၍ မြို့တွင်းလမ်းလယ်ကျွန်းများ၊ လမ်းဘေးပန်းအလှပင်များ၊ မြို့အဝင်ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Feb 11,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းကျောင်း (မြို့မ) တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် (၇၇) နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုနှင်းသဘင်အခမ်းအနားကို ယမန့်နေ့ နေ့လယ် (၁) နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲအခမ်းအနား ကျင်းပ
Feb 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ သုဝဏ္ဏသီရိ(ဟုန်းခမ်း) ပရိယတ္တိစာသင်တိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်းစာသင်တိုက်၌ (၉)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် ကျင်းပ
Feb 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်း စာသင်တိုက်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးမှူးကျင်းပသည့် (၉)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာဖြေပွဲတော်အခမ်းအနားကို ယမန်နေ့နေ့လယ်(၁၂)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ပေါင်းစုံပဒေသာကပွဲအခမ်းအနား ကျင်းပ
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းပေါင်းစုံ ပဒေသာကပွဲအခမ်းအနားကို မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ မော်ရွှေဝါခန်းမ၌ ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့သည်။