ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ သံတွဲခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့

သံတွဲ ဖေဖော်ဝါရီ ၁၁

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး သက်တမ်းစေ့နေနိုင်စေရေးအတွက် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ကထိက ဒေါက်တာမိုးစံ ဦးဆောင်သည့် အဖွဲ့သည် သံတွဲခရိုင်ပြည်သူ့ဆေးရုံ၌  ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ သံတွဲခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကုသရာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ သံတွဲခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်ပြင်ပလူနာ ၆၀၉ ဦး၊ ခွဲစိတ်လူနာ ၁၀၉ ဦးတို့အား (အခမဲ့) စမ်းသပ်ခွဲစိတ် ကုသပေးနိုင်ခဲ့ကြောင်း သံတွဲခရိုင် ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)