ကြံခင်းမြို့နယ် (မူလွန်) မြို့မတောင်ကျောင်းတွင် (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်

ကြံခင်း ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (မူလွန်) မြို့မတောင်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ နေ့ထူး၊ နေ့မြတ်များအားသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း   ကျင်းပပြုလုပ်ကြသည်။

ရှေးဦးစွာ (မူလွန်) မြို့မတောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် အသိပညာပေးခြင်းကို ဂရုစိုက်မှတ်သားကြရန် ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူး (၇) မျိုးအား အသိပညာပေးဟောပြောပါသည်။

ထို့နောက် (မူလွန်) မြို့မတောင် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)