ဘိုကလေး ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ၊ ပြင်ထိန်း ရန်ပုံငွေတို့ဖြင့် မြို့နယ်တွင်း၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း(၁)လမ်း၊ ကျောက်ချောလမ်း (၁)လမ်း၊ ကွန်ကရစ်တံတား (၁) စင်း ဆောင်ရွက်မည်ဖြစ်ရာ ဆောင်ရွက်မည့်လုပ်ငန်းများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးနှင့်တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး ဖျာပုံခရိုင်၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးမိုးမြင့်နှင့်အဖွဲ့က ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ကြမည့် ဘိုကလေးမြို့နယ်အတွင်းမှ လမ်း၊ တံတား လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ)ဦးကျော်နိုင်ဦးထံမှ သိရသည်။
မိုးစက်(ဘိုကလေး)