ကျွန်းလှမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်

ကျွန်းလှ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် သစ်ရာမြိုင်ရပ်ကွက်၊ အမှတ် (၂) လမ်း၌ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကျောက်ချောလမ်း အရှည် ၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁၁ လက်မကို ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉၀ သန်းဖြင့် ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။

ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတွင် ရဟန်းရှင်လူပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်၊  ရေစီးရေလာကောင်းမွန်ရန် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၌ ကျောင်းချောလမ်း (၆)လမ်း၊ ရေပြွန် (၅) ခု၊ ကွန်ကရစ်တံတား (၃) စင်းတို့ကို အကောင်းအထည်‌ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်း၊ တံတားလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ကြောင်း သိရသည်။

မျိုးဝင်းညို