လောင်းလုံး ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လောင်းလုံးမြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ လိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိစိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) ကတ် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဇူလိုင် ၂၃ ရက်က နံနက် ၇ နာရီက ထားဝယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်တာ ဦးဆောင်သည့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ UID (Unique Identity)ကတ် ပြုလုပ်ရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မှတ်ပုံတင်ကတ်နှင့် ပင်စင်ကတ်တို့ ယူဆောင်လာရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ထားဝယ်မြို့နယ်တွင် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သိန်းသိန်း(လောင်းလုံး)