သတင်းများ

ပြင်ဦးလွင်မြို့တွင် နိုင်ငံ့၀န်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်များနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နိုင်ငံ့၀န်ထမ်းပင်စင်စား(အငြိမ်းစား)များအား ဇီ၀ဆိုင်ရာအချက်အလက်(Biometric)များကောက်ယူခြင်းနှင့်   UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို  ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်ကုန်းမြို့၌ ကောက်စိုက်စက်ဖြင့် မိုးစပါး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကျင်းပ
Jul 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့လယ်ပိုင်းက အင်ဖက်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၃၀၅ ကွင်း၊ တောင်သူ ဦးရွှေညိုလယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်၊ မျိုးစေ့၊ သွင်းအားစုပေးအပ်ပွဲ တက်ရောက်
Jul 24,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် နေပြည်တော်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်နွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်(MSME)အသင်းဒုဥက္ကဋ္ဌ၊ မြို့နယ်(MSME)အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆန်၊ ဆီစက်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ မြို့ပေါ်(၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် ကျင်းပခဲ့သည်။
မူဆယ်မြို့ အ.ထ.က(၁)တွင် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Jul 24,2025
Online မှတစ်ဆင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဗီဒီယိုကလစ်ပြသခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
Jul 24,2025
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် အင်းမကျေးရွာအုပ်စု တောင်သူများအား မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့နေ့လယ် ၂ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ လယ်ယာမြေဥပဒေများအကြောင်းနှင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 24,2025
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ ပူကာကျေးရွာ၌ လယ်ယာမြေဥပဒေများအကြောင်းနှင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲတက်ရောက်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေး စုဖွဲ့ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး
Jul 24,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။