သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို
Feb 24,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ်အား ယမန်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ဖြေဆိုလျက်ရှိသည်။
ဝေါမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်
Feb 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ဆည်ရေသောက်စိုက်ဧရိယာများတွင် တစ်နှစ်(၃)သီးစား စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်းကွင်းဆင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၉ နာရီက ကျိုက်လှကျေးရွာရှိ ကွင်းအမှတ်(၆၈၇က)၊ ဦးပိုင်အမှတ်(၃/၇)၊ တောင်သူ ဒေါ်ရီစိန်၏ လယ်၌ ကျင်းပသည်။
မူဆယ်မြို့၌ စည်ပင်သာယာဈေးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 24,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့စည်ပင်သာယာဈေးများ မီးဘေးအန္တရာယ်ကင်ဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက ပြုလုပ်သည်။
ဟင်္သာတမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန် ရည်ရွယ်၍ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒါဆွေနှင့် ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ယနေ့နံနက်(၈)နာရီ၌ ဟင်္သာရုပ်အဝိုင်းလမ်းဆုံနှင့် လူစည်ကားရာ စျေးများ၊ အဝေးပြေးကားဂိတ်နှင့် မြို့တွင်းကားဂိတ်များ၊ လမ်းသွားလမ်းလာ ပြည်သူများအား  အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းထမနဲထိုးလှူဒါန်းပွဲ ကျင်းပ
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးလှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်ကျွန်းမြို့ အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်းအတွင်းဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟ‌ဇော်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးအကဲများ ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။
မြင်းခြံမြို့၌ (၂၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းသပိတ်လုံးလောင်းလှူပွဲ ကျင်းပ
Feb 24,2024
မြင်းခြံမြို့ အမှတ် (၁၁) ရပ်ကွက် မင်းကျောင်းတိုက် ဆန္ဒတော်ပြည့်စေတီတော်ရင်ပြင်၌ ယနေ့နံနက် ၈ နာရီအချိန်က (၂၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းသပိတ်လုံးလောင်းလှူပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သထုံမြို့၊ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် (ဆဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 24,2024
မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် (ဆဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်း ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်က အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။
ဇလွန်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၅)ရပ်ကွက် အသင်းအဖွဲ့များ စုပေါင်းနှမ်းမနဲထိုးပြိုင်ပွဲကျင်းပ
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရ မြန်မာတို့၏အချင်းချင်းဝိုင်းဝန်းကူညီခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို ဖော်ကျူးပြသရန် ဇလွန်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၅)ရပ်ကွက် အသင်းအဖွဲ့များက ရှေ့အစဉ် အလာမပျက် နှမ်းမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးဝန်းအတွင်းတွင် ကျင်းပခဲ့သည်။