မြိတ်မြို့တွင် (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပ
Feb 26,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင်လေးကျွန်ဆီမီးစေတီတော်တွင် (၂၁)ကြိမ်မြောက် ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်၊ ရေကြည်တော်ဓမ္မာရုံနှင့် စာကြည့်တိုက်တို့တွင် ယမန်နေ့ နေ့လယ်ပိုင်း က စတင်ကျင်းပခဲ့ရာ ရဟန်း၊ သာမဏေနှင့် သီလရှင် (၂၉၀)ပါး စာမေးပွဲဖြေဆိုလျက်ရှိကြပြီး စာမေးပွဲများကို တပို့တွဲလပြည့်ကျော်(၁)ရက်မှ (၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။