သတင်းများ

တမူးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club နှင့် စာဖတ်ဝိုင်း ကျင်းပ
Feb 27,2024
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ လူငယ်ဆိုတာလန်းရမယ် စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ညောင်ဦးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5/ Grade -9 နှစ်ဆုံးစာမေးပွဲ လူမှုရေး ဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို
Feb 27,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5/Grade -9 နှစ်ဆုံး စာမေးပွဲကို ယနေ့ နံနက်ပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Feb 27,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်၊ ကျေးရွာပြည်သူများအား ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်ဧက ၁၇၄၅ ဧက စိုက်ပျိုးပြီးစီး
Feb 27,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်ဧက ၁၇၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး ကြာမှောက်၊ ကြာလှန်နှင့်ရွဲတို့ရှိ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရန် ဆောင်ရွက်လိုသူများကို တင်ဒါခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်ဖြစ်ရာ ရွှေစည်းခုံစေတီတော်ကြီး  ကြာမှောက်၊ ကြာလှန်နှင့်ရွဲတို့ရှိ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရန်  ဆောင်ရွက်လိုသူများကို တင်ဒါခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့် တန်ဆောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် ဆေးအိုးပုတ်အပင်များ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Feb 27,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တော်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောင်ကုန်းတောင်တန်းထူထပ်ပေါများသည့်အတွက်  ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့်  ဆေးအိုးပုတ်ပင်များမှာ နေရာအနှံ့ သဘာဝအတိုင်း ပေါက်လျောက်ရှင်သန်ကြပြီး ဒေသခံပြည်သူများမှာ ဆေးအိုးပုတ်အပင်များ ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆေပြေလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 27,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။