သတင်းများ

စလင်းမြို့ မင်းတဲကျက်သကိုင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မင်းတဲကျက်သကိုင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီ ၃၀ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
Mar 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ကြေးတိုင်စု(၂)လမ်းရှိ မာဂဒီ-သာစည်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ နွေရာသီရှမ်းတိုင်းရင်းသားစာပေသင်ကြားရေးသင်တန်း ဖွင့်လှစ်
Mar 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ရပ်ကွက်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ရှမ်းတိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာ ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယနေ့ နံနက် ၉ နာရီက ရပ်ကွက်အတွင်းရှိ ကျောင်းသား/သူ လူငယ်များအား နွေရာသီ ရှမ်းတိုင်းရင်းသားစာပေသင်ကြားရေးသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 
ဝမ်းတွင်းမြို့နယ် စာစစ်ဌာနများတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို ဆက်လက်ဖြေဆိုလျက်ရှိ
Mar 16,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခြင်းကို မတ်လ (၁၁)ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန များတွင်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ရူပဗေဒ ဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား/သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ရပ်စောက်တွင် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ရပ်စောက် မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်
Mar 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက Wilmar Myanmar Richland Kyaiklat Limited (ပေါင်းဆန်)စက်ရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးခရိုင်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမမြောက်နေ့ သမိုင်းဘာသာရပ်၌ ကျောင်းသား/သူပေါင်း(၄၇)ဦး နှင့် ရူပဗေဒဘာသာရပ်တွင်(၄၆၁)ဦး ဝင်ရောက်ဖြေဆို
Mar 16,2024
တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပဉ္စမမြောက်နေ့ သမိုင်းဘာသာရပ်၌ ကျောင်းသား/သူပေါင်း(၄၇)ဦးနှင့် ရူပဗေဒဘာသာရပ်တွင်(၄၆၁)ဦးတို့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း တံတားဦးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
ငါန်းဇွန်မြို့နယ် မဂျီကျေးရွာတွင် လူနေအိမ်(၆)လုံး မီးလောင်မှုဖြစ်ပွား
Mar 16,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မဂျီကျေးရွာအုပ်စု မဂျီကျေးရွာတွင် ယမန်နေ့ ည ၁၁ နာရီခွဲ အချိန်က လူနေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။