မော်လိုက်မြို့၌ ၁၃၈၅ ခုနှစ် တပို့တွဲလ ထမနဲထိုး ပြိုင်ပွဲ ကျင်းပ
Feb 24,2024
မြန်မာ့ရိုးရာ ဓလေ့များ မမေ့လျော့ကြစေရန် ဝန်ထမ်းများနှင့် ပြည်သူများ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ထမနဲထိုး ပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၂)နာရီ အချိန်က ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ များ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။