မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန်ရည်ရွယ်၍ အဆင့်မြင့် စက်ချုပ်သင်တန်း (အခမဲ့) ကို ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ လက်ထောက်နည်းပြ ဒေါ်အိမ့်ထက်ဝေက ရင်စေ့ ရင်ဖုံး၊ ဘေးဇစ်၊ နောက်ဇစ်၊ လေးလွှာစကပ်၊ ချိတ်ထမီ၊ လူကြီးဝတ်သင်္ဘောသားအင်္ကျီ၊ လူကြီးဝတ်သားရေကြိုးတပ်ဘောင်းဘီအရှည်၊ ဟာဝေယံရှပ်အင်္ကျီ၊ မိန်းမဝတ်စတစ်ကော်လံ၊ ဂျပန်လည်ထောင်၊ ဖြတ်စက်အင်္ကျီ၊ ဂါဝန်၊ ပခုံးလျှောချုပ်နည်း/တပ်နည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ဒေသခံပြည်သူ (၂၀) ဦးတက်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီလ J၆ ရက်နေ့ မှ မတ်လ ၂၆ ရက်နေ့အထိ (၁) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။
ယော်ဆောင် (ပြန်/ဆက်)