ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 23,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မွန်းလွဲ ၁၅ နာရီက ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။