သတင်းများ

(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ထန်တလန်မြို့၌ ကျင်းပ
Feb 20,2021
(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ် ကိုယ်စားပြု သဘာပတိ(၉)ဦးက နေရာယူကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း မုံရွာမြို့ အမှတ်(၄) တပ်မတော် ဆေးရုံး(ခုတင်-၃၀၀)တွင် တက်ရောက်ကုသနေသော ပြည်သူများအား လိုအပ်သော ဆေးဝါးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့
Feb 20,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့်အတူ ကောင်စီအဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ အမှတ်(၄)တပ်မတော်ဆေးရုံး(ခုတင်-၃၀၀)တွင် တက်ရောက်ကုသနေသော ပြည်သူ (၁၄၀)ဦးအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Feb 20,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဆောင်းအကုန် နွေအကူးကာလရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် ဒေသခံပြည်သူများ ကြိုတင်သိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁နာရီခွဲ အချိန်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လမ်းညွှန်ချက်များနှင့် အညီ ဖူးမြှော်ခွင့်ပြု
Feb 20,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးခရီး သွားများ လာရောက်ဖူးမြော်လျက်ရှိကြောင်း ထီးလိုမင်းလိုဂေါပက ဥက္ကဋ္ဌ ဦးတင်လှ ဦးကပြောကြားသည်။
နမ္မတူမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
Feb 19,2021
နမ္မတူမြို့နယ်တွင် ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ စတင်ကာ နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စု ညောင်ဆွယ်ကျေးရွာနှင့် လွယ်ပြေးကျေးရွာအုပ်စု မန်ဝါကျေးရွာ အနီးတစ်ဝိုက်တွင် TNLA အဖွဲ့၊ SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် လာရောက်ခိုလှုံလျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် ပုဗ္ဗာရုံ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဒလမြို့နယ်၌ ကျေးလက်ဒေသများအားလုံး၏ ၉၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိ ကျေးရွာ ၆ ရွာသာ မီတာတပ်ဆင်ရန်ကျန်ရှိ
Feb 19,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ ရှိသည့်အနက် လက်ရှိအချိန်တွင် ကျေးလက်ဒေသများ အားလုံး၏ ၉၀ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိနေပြီး ကျေးရွာ ၆ ရွာသာ မီတာတပ်ဆင်ရန် ကျန်ရှိ တော့ကြောင်း၊ မကြာမီတွင် ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိနိုင် တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
မိုင်းရယ်မြို့ ရပ်ကွက်များအတွင်းရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Feb 19,2021
မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မိုင်းရယ်မြို့သာယာလှပရေးအတွက် ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)ရှိ မြေသားလမ်းကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်က လုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်
Feb 19,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၅)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ဖေဖော်ဝါရီလ(၁၈)ရက်နေ့က (၁၈)ဦးနှင့် ယနေ့နံနက်(၁၁)နာရီအချိန်က(၁၇)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၃၅)ဦးအား လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။