(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ထန်တလန်မြို့၌ ကျင်းပ

ထန်တလန် ဖေဖော်ဝါရီ ၂၀

(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ် ကိုယ်စားပြု သဘာပတိ(၉)ဦးက နေရာယူကြသည်။

ထို့နောက်တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး နောက် သဘာပတိကြီးဦးအောင်မြထွန်းက အဖွင့်အမှာစကားနှင့် ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကို ဖတ်ကြားပြီး အခမ်းအနားကိုရုပ်သိမ်းကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများနှင့် မြို့မိမြို့ဖများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)