သတင်းများ

မကွေးမြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
Feb 12,2021
(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို မကွေးမြို့ အမှတ် (၈၈) ခြေမြန် တပ်မဌာနချုပ် အားကစားကွင်း၌ ယနေ့ နံနက်(၇)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
Feb 12,2021
(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၇) နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအကျင်းပ
Feb 12,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။
ဥတ္တရသီရိမြို့နယ်တွင် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
Feb 12,2021
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက်(၇)နာရီက နေပြည်တော် ဥတ္တရ သီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ဟားခါး၌ ကျင်းပ
Feb 12,2021
(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြု ခြင်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ လွပ်လပ်ရေး ကျောက်တိုင်ကွင်း၌ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုနေ့ကျင်းပရေး ဦးစီးကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။