ရွာသစ် ဖေဖော်ဝါရီ ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဆောင်းအကုန် နွေအကူးကာလရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် ဒေသခံပြည်သူများ ကြိုတင်သိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁နာရီခွဲ အချိန်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။ ရှေးဦးစွာ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဆွေဆွေအေးက ကိုဗစ်-၁၉ ကာလ အတွင်း အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားပြီး ရွာသစ်နယ်မြေ မီးသတ်စခန်း လက်ထောက်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဇော်မှ နွေရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများအား မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား လုပ်ဆောင်ရန် လိုကြောင်း၊ မီးဘေးအန္တရာယ် မဖြစ်စေရေး တစ်အိမ်တက် တစ်အိမ်ဆင်း၍ အသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တောမီးမှတဆင့် မြို့နယ်နိမိတ်အား ကူးစက်လာမှု မရှိစေရေး ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးတားလမ်း ဆောင်ရွက်ရန် လိုကြောင်း၊ မြို့အနေဖြင့် လျှပ်စစ်မီးရရှိပါသော်လည်း ဒေသအနေအထားအရ ထင်းမီးကိုသာ သုံးစွဲကြသည်ကို တွေ့ရသောကြောင့် အထူးဂရုစိုက်စေချင်ကြောင်း စသည်များကို အကျယ်တဝန့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)