သတင်းများ

အိမ်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း(၁၆၀၀)ကျော်အား ပင်စင်လစာငွေများ ထုတ်ပေး
Feb 24,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာငွေများကို Covid-19 ရောဂါ စည်းကမ်းချက် များနှင့်အညီဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ထုတ်ပေး လျက်ရှိရာယနေ့အထိ အငြိမ်းစား ဝန်ထမ်း(၁၆၀၀)ကို အဆင်ပြေလွယ်ကူစွာ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
ကချင်ပြည်နယ် ဧည့်ရိပ်သာတည်ဆောက်ရေးလုပ်ငန်းများ၊ စိစစ်ကြပ်မတ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး
Feb 24,2021
ကချင်ပြည်နယ်အတွင်း နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များအတွက် ဧည့်ရိပ်သာတည်ဆောက်လျက်ရှိ ရာတွင် အဆောက် အအုံ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရန်ပုံငွေရရှိသုံးစွဲမှုနှင့် စိစစ်ကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်း
Feb 24,2021
ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြချက်နှင့် လမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 24,2021
နိုင်ငံတစ်ဝှမ်းရှိ(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအတွက် ပင်စင်လစာကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ထုတ်ပေးလျက်ရှိရာ မိုင်းရယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိသည်။
တန့်ယန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကို မြို့နယ်ရှိ မြန်မာ့စီပွားရေးဘဏ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိသည်။
မိုးနဲမြို့ တိုင်းရင်းသားသုဿန်အတွင်း မီးသင်္ဂြိုဟ်စက် ရာနှုန်းပြည့်တည်ဆောက်ပြီစီး
Feb 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် တိုင်းရင်းသားသုဿန်ဝင်းအတွင်း မီးသင်္ဂြိုဟ်စက်ကို တည်ဆောင်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
ဆီဆိုင်မြို့နယ်တွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Feb 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခြောက်ရွာအကျိုးပြုသည့် ကျေးရွာချင်းဆက် မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ဖေဖော်ဝါရီ ဒုတိယပတ်တွင် မြို့နယ်အဆင့် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
သံဖြူဇရပ်မြို့နယ်အတွင်းအငြိမ်းစားဝန်ထမ်းများပင်စင်လစာများကိုအေးချမ်းစွာထုတ်ယူလျက်ရှိ
Feb 23,2021
မွန်ပြည်နယ်မော်လမြိုင်ခရိုင်သံဖြူဇရပ်မြို့နယ်အတွင်းရှိအငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများကိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင်ဖေဖေါ်ဝါရီ(၂၂)ရက်နေ့မှစတင်၍ထုတ်ပေးလျက်ရှိရာအငြိမ်းစားဝန်ထမ်းများသည်ပင်စင်လစာများကိုအေးချမ်းစွာထုတ်ယူလျက်ရှိကြောင်းသိရသည်။