ဒလမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
Feb 18,2021
မြို့ပြနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရာသီမရွေးသွားလာနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍ များ ပိုမိုချိတ်ဆက်ပြီး တိုးတက်ကောင်းမွန်စေရေးအတွက် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတား လုပ်ငန်းတာဝန်ခံအဖွဲ့မှ အရှိန်အဟုန် မပျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကျေးလက်ဒေသများ၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရသည်။