မုံရွာ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့်အတူ ကောင်စီအဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ အမှတ်(၄) တပ်မတော် ဆေးရုံ(ခုတင်-၃၀၀)တွင် တက်ရောက်ကုသနေသော ပြည်သူ (၁၄၀)ဦးအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ နှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အဖွဲ့သည် မုံရွာမြို့ အမှတ်(၄)တပ်မတော် ဆေးရုံ(ခုတင်-၃၀၀)တွင် တက်ရောက်ကုသနေသော ပြည်သူ(၁၄၀)ဦးအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က မိမိတို့တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ လာရောက် ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများအားလည်း ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုများ စေတနာထား ကြိုးစား ဆောင်ရွက်ပေးကြသည့် အတွက် များစွာ ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် အဆိုပါဆေးရုံအတွင်း တက်ရောက် ကုသနေသော ပြည်သူ များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားများပြောကြားပြီး စားသောက် ဖွယ်ရာ မျိုးစုံကို ထောက်ပံပေးအပ် ခဲ့ကြောင်းသိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)