သတင်းများ

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၃)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်
Feb 23,2021
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာ နိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၃)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က (၁၀)ဦးနှင့် ယနေ့ နေ့လယ်(၁)နာရီအချိန်က(၂၃)ဦး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၃၃)ဦးအား လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
ဘီးလင်းမြို့မြန်မာ့စီပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန် ထုတ်ပေး လျက်ရှိ
Feb 23,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများမှပင်စင်စားပြည်သူများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး
Feb 23,2021
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားပြည်သူများအားဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ် ပေးနေလျက် ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 23,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Feb 23,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Feb 23,2021
ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ရွာသစ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးလျက်ရှိ
Feb 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဝန်ထမ်းများအတွက် ဖေဖော်ဝါရီလ ပင်စင်လစာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ပထမအကြိမ်အစည်းအဝေးကျင်းပ
Feb 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ နေ့လယ်၂နာရီကမြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။