မိုင်းရယ် ဖေဖော်ဝါရီ ၁၉
မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မိုင်းရယ်မြို့သာယာလှပရေးအတွက် ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)ရှိ မြေသားလမ်းကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်က လုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ရာ ရပ်ကွက်(၂) ရုံးကြီးလမ်း အရှည် ပေ ၇၀၀၊ အကျယ် ၁၂ ပေအား ခွင့်ပြုရန်ပုံငွေ ကျပ် ၈၉ သိန်းဖြင့်လည်းကောင်း၊ ရပ်ကွက်(၃) ဆိုင်မိန်း ကျောင်းလမ်း ကတ္တရာထပ်ပိုးလွှာအမျိုးအစား အရှည် ပေ ၆၀၀၊ အကျယ် ၁၂ ပေအား ခွင့်ပြု ရန်ပုံငွေ ၇၆ သိန်းဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ကျော်ဇင်ထိုက် (မြို့နယ် ပြန်/ဆက်)