သတင်းများ

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပ
Feb 25,2021
ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မင်းတပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ဘုတလင်မြို့နယ်တွင် ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်သဖြင့် ငှက်ပျောစိုက် ဧကများ တိုးချဲ့စိုက်ပျိုးလာကြ
Feb 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင် ဆန်းမြင့် ကျေးရွာများတွင် ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်သဖြင့် ငှက်ပျော စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း အုတ်အိုင်ကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးထံမှ သိရသည်။
ဆီဆိုင်၌ ဘန်းယဉ်ဈေးကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Feb 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ဈေးကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဖေဖော်ဝါရီ ၂၄ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆီဆိုင်၌ နွေရာသီရေရှားပါးကျေးရွာအား သောက်သုံးရေများ ကြိုတင်ဖြည့်ဆည်းပေး
Feb 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဟန်ထိုးကျေးရွာရှိ အိမ်ခြေ(၃၅)၊ လူဦးရေ(၁၈၀)ဦးခန့်အတွက် နွေရာသီတွင် သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် သောက်သုံးရေများ ကြိုတင်ဖြည့်တင်း ပေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သွားရောက်ဖြည့်ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Feb 25,2021
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟားခါးမြို့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ဆီဆိုင်၌ မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာစစ်ဆေး
Feb 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မြေငှားဂရန်လျှောက်ထားလာသည့် မြေနေရာများအား မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ ဆေးရုံအချို့သို့ ဆေးပဒေသာပင်နှင့် အလှူငွေများ ထောက်ပံ့လှူဒါန်း
Feb 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမတွင် ဖေဖော်ဝါရီ(၂၄)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ရှိ ဆေးရုံများသို့ ဆေးပဒေသာပင် အလှူငွေများထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 24,2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူ လယ်သမားနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့သည်။