ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လမ်းညွှန်ချက်များနှင့် အညီ ဖူးမြှော်ခွင့်ပြု

ညောင်ဦး  ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးခရီးသွားများ လာရောက်ဖူးမြော်လျက်ရှိကြောင်း ထီးလိုမင်းလိုဂေါပက ဥက္ကဋ္ဌ ဦးတင်လှ ဦးကပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ နယ်ပယ်စုံမှ လာရောက်ဖူးမြှော်လျက်ရှိရာ ဘုရားဖူးလာရောက်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လမ်းညွှန်ချက်များနှင့် အညီ ဖူးမြှော်ခွင့်ပြုထားပြီး ဘုရားရင်ပြင်တော် ပရဝဏ်အကျယ်အဝန်းပေါ် မူတည်ပြီး ဘုရားဖူး ဝင်ရောက်ခွင့် သတ်မှတ်ထားရာ ဘုရားဖူးလာပြည်သူများမှလည်း စည်းကမ်းလိုက်နာ ဖူးမြှော်လျက်ရှိကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသကို ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ပြီး ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပုဂံရှေးဟောင်းဒေသကို ပိတ်ထားခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ပြီး ပုဂံဒေသရှိ အထင်ကရသမိုင်းဝင်ဘုရားကြီး ၁၉ဆူတို့အား ဗုဒ္ဓဘိသေက ဘုရားအနေက ဇာတင်ကြကာ ပုဂံရှေး ဟောင်းယဉ်ကျေးမှုဒေသပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ် ကျေးမှုဒေသပြန်လည်ဖွင့်လှစ်ချိန်မှစတင်ကာ ပြည်တွင်းဘုရားဖူး လေ့လာရေး ခရီးသွားများလာရောက်လျက်ရှိရာ ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူသာ ဘုရားဖူးလာရောက် မှုမှတ်တမ်းထားရှိကြောင်းသိရသည်။ ရွှေစည်းခုံဘုရားကြီးသို့ ဘုရားဖူး လာရောက်သည့် မှတ်တမ်း အရ မန္တလေး၊ မိုးကုတ်၊ ရန်ကုန်၊ မြင်းခြံ၊ တံတားဦး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မကွေး၊ ချောက်၊ ပခုက္ကူမြို့များမှ လာရောက်ဖူးမြှော်ကြပြီး ဖွင့်လှစ် ပြီဟုသိချိန်မှစတင်ကာတစ်ရက် ထက်တစ်ရက် ဘုရားဖူးဝင်ရောက်လာမှု များလာကြောင်း တစ်ရက်လျှင် ၅၀ ဦးမှ ၁၇၅ ဦးထိဘုရားဖူး လာရောက်လျက်ရှိကြောင်း သိရကာ ပုဂံရှေး ဟောင်းယဉ်ကျေးမှုဒေတွင် ဘုရား၊စေတီ၊ ပုထိုး၊ ဂူဘုရား၊ သာသနိကအဆောက်အအုံ ၃၈၀၀ ခန့်ရှိကြောင်းလည်း သိရကာ ကျန်းမာရေးဦးစီးဌာန၊ လမ်းညွှန်ချက်များ နှင့်အညီ ဝင်ရောက်ဖူးမြှော်ခွင့်ပြု ထားကာ လာရောက်သည့် မြို့၊ တယ်လီဖုံးနံပါတ်၊ ကားနံပါတ်၊ နေရပ်လိပ်စာ၊ အပြည့်အစုံ စာရင်းယူ မှတ်တမ်းထားကြောင်းလည်းသိရသည်။

ကိုထိန်၊KPD