သတင်းများ

တွံတေးမြို့နယ်ရှိ ကာယသုခ မသန်စွမ်းသူများအသင်းသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
May 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ မသန်စွမ်း လူငယ်မောင်မယ်များ အတွက် ရွှေမင်းသားဖောင်ဒေးရှင်းမှ ဦးဆောင်ကာ တွံတေးမြို့နယ် ကာယသုခမသန်စွမ်းအသင်းသို့ အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်များကို ယနေ့ နေ့လယ် ၁ နာရီက ကာယသုခ မသန်စွမ်းသူများအသင်းရုံး ယာယီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 05,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် တိုက်နယ်ဆေးရုံများ၌ ပြည်သူများအား နေ့စဉ် ကျန်းမာရေးစောင့်ရှောက်ပေးနေ
May 05,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ကုတင်(၂၀၀)ဆန့်ဆေးရုံကြီးနှင့် တိုက်နယ် ဆေးရုံများ၌ ပြည်သူများအား နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်းနှင့် မြို့နယ် အတွင်းရှိ ပြည်သူများသာမကရပ်ဝေး၊ရပ်နီးမှပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်၍ လာရောက်ပြသ ကုသကြသော ပြင်ပလူနာများ၊ အတွင်းလူနာများကို ကျောက်ဆည်ဆေးရုံကြီးမှ နေ့စဉ်လက်ခံ ကုသ ပေးလျှက်ရှိကြောင်း၊ ကျေးလက်ဒေသ တိုက်နယ်ဆေးရုံများတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
May 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက်ပြည်သူများ၊ ဝန်ထမ်းများနှင့်အတူနေမိသားစုများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကျင်းပ
May 05,2021
ကရင်ပြည်နယ်၊ဘားအံမြို့၊ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန၏ (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို   မေလ(၅)ရက်နေ့၊ နံနက်(၇)နာရီအချိန်က  ဘားအံခရိုင် မီးသတ်ဦးစီး ဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆင့်မြင့်ပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ရှိ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဆင့်မြင့်ပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ရှိ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိ
May 05,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား ယခင်ပုံမှန်အတိုင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန် သူနာပြု ဆရာ/ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ယခင်အတိုင်း ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လက်ခံကုသပေးလျက်ရှိ
May 05,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် မတ်လ(၁၉)ရက်နေ့မှ စတင်၍ ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။