သတင်းများ

အောင်မြေသာစံမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
May 05,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်၁၀နာရီက အနှိပ်တော်ရပ်ကွက်၊ အကွက်(၁၂/ခ) ၆၂လမ်း၊ ၁၉လမ်းနှင့်လမ်း၂၀ကြားရှိ အရှေ့ခင်မကန်တိုက်၊ ကထိန်ကျောင်း၊ ပတ္တမြားကထိန်ကျောင်းဆောင်၌ ပြုလုပ်သည်။
ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
May 05,2021
ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၃၉၅) ဦးရှိခဲ့ရာ အဆိုပါကူးစက်ခံရသူများထဲမှ သေဆုံးသူ (၅)ဦးရှိခဲ့ကြောင်း ကူးစက်ခံရသူများအားလုံး ပြန်လည် ကျန်းမာလာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
May 05,2021
(၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ဗဟိုမီးသတ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရန်ကင်းမြို့နယ် ကလေးဆေးရုံကြီးတွင် လူနာများအား ဆေးဝါးကုသမှုများ ပုံမှန်ဆောင်ရွက်ပေး လျက်ရှိ
May 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ကလေးဆေးရုံကြီးတွင် အထူးကုပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများအား (၂၄)နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအခမ်းအနားကျင်းပ
May 05,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာန၌ ယနေ့နံနက်က (၇၅)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအထိမ်းအမှတ် ဘုရားအမှူးရှိသော သံဃာတော်များ အား အာရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်းနှင့် (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ
May 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ယနေ့ နံနက် ၈ နာရီခွဲမှ စတင်ပြီး အငြိမ်းစားဝန်ထမ်း (၆၀၀)ကျော်ခန့်မှ တိုကင်စနစ်ဖြင့် ပင်စင်လစာ ငွေများကို ပုံမှန်အေးချမ်းစွာ လာရောက်ထုတ်ယူခဲ့ကြကြောင်း သိရှိရသည်။
ပုလောမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ကျင်းပ
May 05,2021
(၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ပုလောမြို့ မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။