ဘားအံမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကျင်းပ

ဘားအံ   - မေ ၅

ကရင်ပြည်နယ်၊ဘားအံမြို့၊ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန၏ (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို   မေလ(၅)ရက်နေ့၊ နံနက်(၇)နာရီအချိန်က  ဘားအံခရိုင် မီးသတ်ဦးစီး ဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၏(၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းကို ကရင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးတင်မောင်နီက ဖတ်ကြားသည်။ ထို့နောက်(၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စံပြစခန်းဆုချီးမြှင့်ရာ မီးသတ်တပ်ဖွဲ့နေ့စံပြစခန်းဆုကို လှိုင်းဘွဲမြို့နယ်က လည်းကောင်း၊ အရာရှိအဆင့်ကျင့်ဝတ်ဆုကို မြိုင်ကလေးနယ်မြေမီးသတ်စခန်း၊ မီးသတ် အကြပ်အဆင့်ကျင့်ဝတ် ဆုကို မြဝတီခရိုင်မီးသတ်ဦးစီးမှူးရုံး၊ မီးသတ်တပ်သားအဆင့့််ကျင့်ဝတ်ဆုကို မြိုင်ကလေး နယ်မြေမီးသတ်စခန်း တို့မှ လည်းကောင်း၊ ဝန်ထမ်း လိုင်းခန်း သန့်ရှင်းသာယာလှပမှုဆုကို ဘားအံခရိုင်မီးသတ် စခန်းမှလည်းကောင်း ရရှိကြရာ ကရင်ပြည်နယ် မီးသတ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှုးနှင့်တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)