လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လက်ခံကုသပေးလျက်ရှိ

လှိုင်းဘွဲ  မေလ ၅

 

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် မတ်လ(၁၉)ရက်နေ့မှ စတင်၍ ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာ ကိစ္စရပ်များကို ဆရာဝန်(၁)ဦး၊ သူနာပြုဆရာမ(၁၁)ဦး၊လက်ထောက်ကျန်းမာရေးမှူး(၄)ဦး၊အမျိုးသားကျန်းမာရေးမှူး(၁)ဦး၊ သားဖွားဆရာမ (၁၃)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)/(၂) (၈)ဦးနှင့် အခြားကျန်းမာရေး ဝန်ထမ်း(၁၈)ဦးတို့က သတ်မှတ်ရက်အလိုက် လူနာများအား ကြည့်ရှုကုသပေးလျက်ရှိရာ အရေးပေါ် ကျန်းမာရေးကိစ္စများကိုလည်း ကုသစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)