သတင်းများ

ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများ စတင်တော့မည့် တက္ကသိုလ်ကောလိပ်များအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး
May 05,2021
ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည့် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကောလိပ်များအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီ တွင်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်ကြားရေးလုပ်ငန်းတာဝန်ရှိသူများအား တွေ့ဆုံအားပေးခဲ့ ကြသည်။
ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာတွင် စက်ချုပ်ကုန်ထုတ် သမလုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိ
May 05,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဖန်းကျေးရွာတွင် ကုန်ထုတ်သမ(စက်ချုပ်) လုပ်ငန်းများကို အကျိုးတူ စီးပွားဘက်လုပ်ကိုင်သူများဖြင့် လုပ်ငန်းများ ပုံမှန်လည်ပတ် လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
ကော့ကရိတ်မြို့၌ ဒူးရင်းသီးအထွက်နှုန်းကောင်းသော်လည်း  ရောင်းအားကျ
May 05,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့၊တောင်ကြာအင်းကျေးရွာအုပ်စုရှိ ဖားကျ​ကျေးရွာ၊ လောင်းကိုင်​ကျေးရွာ၊ သမိန်ဒွတ်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ကော့ဖောင်းကျေးရွာ၊ မိထလန်းနိုင် ကျေးရွာ၊ နောင်တလာကျေးရွာနှင့် ကမော့ကသူကျေးရွာတို့တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်းသီးများသည် ယခုနှစ်တွင် မိုးဦးကျစောသည့်အတွက် အထွက်နှုန်းကောင်းသော်လည်း ရောင်းအားကျလျက်ရှိကြောင်း ကော့ကရိတ် - ဘားအံကားလမ်းမဘေး ကိုးတိုင်ကျေးရွာမှ ရာသီပေါ်သီးနှံရောင်းချသူများထံမှ သိရသည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေး ကျင်းပ
May 04,2021
ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁/၂၀၂၁ ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စားသောက်ဆိုင်ပိုင်ရှင်များတွေ့ဆုံပွဲကျင်းပ
May 04,2021
မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၏ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့နေ့လယ်၁၂နာရီက အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပြုစုပျိုးထောင်ထားရှိ
May 04,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနတွင်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် ရာသီဥတုဖောက်ပြန်မှုမှကာကွယ်ရန် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း(၁)သိန်းကျော် ပြုစုပျိုးထောင်ထားရှိသည် ။
ကျောက်ဆည်ဒေသထွက် စိန်တစ်လုံးသရက်များ ပခုက္ကူဈေးကွက်နှင့်ညောင်ဦးဈေးကွက်သို့ စတင်ဝင်ရောက်လာ
May 04,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆယ်ခရိုင်အတွင်းမြို့နယ်/ကျေးရွာများမှထွက်ရှိသည့် စိန်တစ်လုံး သရက်သီးမှည့်များ ပခုက္ကူဈေးကွက်နှင့်ညောင်ဦးဈေးကွက်သို့ဈေးနှုန်း ချိုသာစွာဖြင့် စတင် ဝင်ရောက်လာနေပြီဖြစ်ကြောင်း သရက်သီးမှည့်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံက သိရသည်။
(၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအား မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်း
May 04,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီး နှင့်ပြင်ပအရေးပေါ်ဌာနများ ၌ သွေးလိုအပ်လျှက်ရှိသည့် အရေးပေါ်လူနာများအား အချိန်မီကုသနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များမှ ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း ရုံးသို့ သွားရောက်ပြီး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။