သတင်းများ

ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးနှံပေးမည်
May 05,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မေလပထမပတ်တွင် ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက်ကလေးငယ်များ နီးစပ်ရာ ကျန်းမာရေးဌာနခွဲများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။
ကလေးရောဂါအထူးကုဆေးရုံကြီး (နေပြည်တော်) ၂၄ နာရီ ဖွင့်လှစ်ထားရှိ
May 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ကလေးရောဂါ အထူးကုဆေးရုံကြီး (နေပြည်တော်)သည် လတ်တလောအရေးပေါ်ရောဂါများဖြစ်သည့် ဝမ်းပျက်၊ဝမ်းလျှော ရောဂါ၊  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အတက်ရောဂါ၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါ၊ ထိခိုက်ဒဏ်ရာနှင့် မြွေကိုက်လူနာများစသည့် အရေးပေါ်ရောဂါများကို ကုသစောင့်ရှောက် ပေးနိုင်ရန်အတွက် (၂၄)နာရီ ဖွင့်လှစ်ထားကြောင်း သိရသည်။
မွန်ပြည်နယ်စက်မှုစီးပွားလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 05,2021
မွန်ပြည်နယ်စက်မှုစီးပွားလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အုတ်တွင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
May 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြိတ်မြို့ မီးဘေးကာကွယ်‌ရေးလုပ်ငန်း၌ ပူးပေါင်းဆောင်ရွက်ပေးသော အရန်မီးသတ်စခန်းများနှင့် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား စိန်ရတုမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြု
May 05,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မီးဘေးကာကွယ်ရေးလုပ်ငန်းများတွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ကြသည့် အရန်မီးသတ်စခန်းများနှင့် အရန်မီးသတ်တပ်ရင်းများ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 05,2021

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ကရင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့်ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
May 05,2021
ကမ္ဘာတစ်ဝှမ်းကူးစက်ဖြစ်ပွားလျက်ရှိသည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။