လှိုင်းဘွဲ မေလ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက်ပြည်သူများ၊ ဝန်ထမ်းများနှင့်အတူနေမိသားစုများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး တစ်ကြိမ်လျှင်(၁၀)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က စတင်ထိုးနှံပေးရာ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက်ပြည်သူများ၊ ဝန်ထမ်းများနှင့် အတူနေ မိသားစုများ စုစုပေါင်းလူဦးရေ(၈၃၀)ဦးထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)