(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းဆောင်ရွက်
May 04,2021
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အကြို ပြည်သူ့အကျိုးပြု ဆောင်ရွက်ခြင်းလုပ်ငန်းအား ယမန်နေ့က ပုသိမ်မြို့၊ ဘုရားကြီးကုန်းကျေးရွာရှိ မဟာစေတီတော်ကြီး၌ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်၍ မဟာစေတီတော် ဘုရားကြီး၏ အရှေ့ဘက်မုဒ်ဦးတွင် အင်အား(၅၀)ဦးဖြင့်လည်းကောင်း၊ အနောက်ဘက်မုခ်ဦးတွင်အင်အား(၅၀)ဦးဖြင့် လည်းကောင်း၊ သိမ်တော်ကြီးတွင် အင်အား(၅၀)ဦးဖြင့် လည်းကောင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း (၁၅၀)ဦးတို့ဖြင့် ဘုရားပန်းများကပ်လှူ ပူဇော်ခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဘုရား ရင်ပြင်တော် ရေသပ္ပာယ်ခြင်းများအား ကုသိုလ်ပြု ဆောင်ရွက်ခဲ့သည်။