ကြာအင်းဆိပ်ကြီး မေ ၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား ယခင်ပုံမှန်အတိုင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန် သူနာပြု ဆရာ/ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ယခင်အတိုင်း ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာများ ဆေးရုံ တက်ရောက်လျက်ရှိသည့်အတွင်း လူနာများအပါအဝင် အရေးပေါ်လူနာများအား မြို့နယ်ဆရာဝန်ကြီးနှင့် သူနာပြုဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ပုံမှန်အတိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး အရေးပေါ်လိုအပ်လာပါက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် ကုတင် (၃၀၀)ဆံ့ တပ်မတော်စစ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကုသနိုင်စေရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)