သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် မေ ၅ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းကို မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိတ်သတ်များက စာရေးဆရာကြီး လယ်တွင်းသားစောချစ် ရေးသားသော ၁၉၈၉ခုနှစ် အမျိုးသားစာပေဆုရ “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ”စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ချင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စန္ဒာမိုး(ပြန်/ဆက်)