သတင်းများ

(၇၅)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်သောက်သုံးရေများ သွား ရောက် လှူဒါန်း
May 04,2021
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင် (၇၅)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် သောက်သုံးရေရှားပါးသော ကျေးရွာများသို့သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က သမှုန်းပင်ကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်ဘုရင့်နောင်လမ်းဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်
May 04,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မိုးရာသီကာလမှာ ရေကြီးရေလျှံမှုများဖြစ်ပွားမှုမရှိစေရေး၊ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ် ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၅၃.၄၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး လမ်းဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။
(၇၅)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အကြိုဂုဏ်ပြု ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်
May 04,2021
(၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ခြင်းအဖြစ် ယနေ့ နံနက်ပိုင်းက လပွတ္တာမြို့နယ် ခုတင်၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီး၌  သန္ဓေမီးသတ်တပ်ဖွဲ့၀င်များနှင့် အရန်မီးသတ်တပ်ဖွဲ့၀င်များက လိုအပ်သော လူနာများအတွက် စုပေါင်းသွေးလှူဒါန်းခြင်းကို ခရိုင်မီးသတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့်က  အားပေးစကားပြောကြားပြီး ခွန်အားဖြည့် အစားအစာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။ မီးသတ်စွမ်းရည်ပြိုင်ပွဲများနှင့် ယူနီဖောင်း၀တ်ပြိုင်ပွဲများကိုလည်း ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နတ်မောက်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကြည့်ရှု့စစ်ဆေးကာ နတ်မောက်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ကျေးရွာအုပ် ချုပ်ရေး မှူးများ နှင့်တွေ့ဆုံ
May 04,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်နှင့်အဖွဲ့ ဝင်များ ၊တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျောက်တံခါးဆည်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ကျောက်တံခါးဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုး ထားရှိမှု အခြေအနေ၊ ရွှေပန်းတောကျေးရွာအနီး လမ်းဦးစီးဌာနမှဆောင်ရွက်နေသည့် ရွာမွန်-ဇီးဖြူကုန်း-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် (၇/၂) မှ(၇/၅)ကြား (၁၈)ပေအကျယ် ကတ္တရာ ထပ်ပိုးလွှာ တင်ခြင်းလုပ်ငန်းကိုကြည့်ရှုစစ်ဆေးသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံပေး
May 04,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသော ဒေသခံပြည်သူများအား မေ ၃ ရက် ၊ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ဆက်လက် ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်သူ့ဆေးရုံများ ပြန်လည်ဖွင့်လှစ်ထားမှု အခြေ အနေအား ကြည့်ရှု
May 04,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် သက်ဆိုင် ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယနေ့ နံနက် ၁၁ နာရီအချိန်က မော်လမြိုင်မြို့ အတွင်းရှိ ပြည်သူ့ ဆေးရုံများ ပြန်လည်ဖွင့်လှစ်ထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ သည်။
ပွင့်ဖြူမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်
May 04,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု ၊ ရေယဉ်ကျေးရွာတွင် မေ ၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် (၄)လုံး အမိုးလန်ပျက်စီး မှုအတွက် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မေ ၃ ရက် ၊ ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပ သည်။
လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်
May 04,2021
၂၀၂၁ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။