ပွင့်ဖြူမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းထိခိုက်မှု အနည်းဆုံးဖြစ်စေရေး သုံးသပ် ဆွေးနွေးပွဲကျင်းပ
May 05,2021
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် အတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးမှုအားနည်းသည့်ကျေးရွာများမှ ဒေသခံကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ကျေးလက်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါကြောင့် စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ရာတွင် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့လာမှုအပေါ် ဖြေရှင်းဆောင်ရွက်သွားနိုင်ရေးအတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းထိခိုက်မှု အနည်းဆုံးဖြစ်စေရေး သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ် ခဲ့သည်။