တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်း

တန့်ယန်း  မေ  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား မြို့နယ်အရန်မီးသတပ်တပ်ဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး၌ ကျင်းပခဲ့သည်။

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား စေတနာမေတ္တာအရင်းခံကာ ပရဟိတစိတ်အပြည့်ဖြင့် စွမ်းစွမ်းတမန် ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် (၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်းကာ ဆရာတော် သံဃာတော်အရှင်သူမြတ်ငါးပါးအား နေ့ဆွမ်းဆက်ကပ်၍ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။       

မင်းလွင်ဦး(ပြန်/ဆက်)