အောင်မြေသာစံမြို့နယ်တွင် ထေရ်ကြီးဝါကြီးဆရာတော်များ၊ သံဃာတော်များနှင့်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေး

မန္တလေး  မေ ၆

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ထေရ်ကြီး ဝါကြီးဆရာတော်များ၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီက အမှတ်(၁)စစ်မြေပြင်ဆေးတပ်ရင်း(နန်းတွင်း)မှ‌ ကာကွယ်ဆေးထိုး အဖွဲ့များသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဥပုသ်တော်ရပ်ကွက် စွမ်းရည်သစ်ကျောင်းတိုက်မှ ထေရ်ကြီးဝါကြီးဆရာတော်များနှင့်သံဃာတော်များ(၁၁၁)ပါး၊ သာသနာ့နွယ်ဝင်သီလရှင်(၄)ပါး၊ အမရဌာနီအရှေ့ရပ်ကွက်၊ ရေနားကျောင်းတိုက်မှ ထေရ်ကြီးဝါကြီးဆရာတော်များနှင့် သံဃာတော်များ (၃၇)ပါး၊ အောင်မြေသာစံရပ်ကွက်၊ တိုက်တော်ကျောင်းတိုက်မှ ထေရ်ကြီးဝါကြီး ဆရာတော်များနှင့် သံဃာတော်များ(၅၃)ပါး၊ သီရီမာလာအနောက်ရပ်ကွက်၊ ရတနာလင်္ကာရကျောင်းတိုက်မှထေရ်ကြီး ဝါကြီးဆရာ တော်များနှင့်  သံဃာတော်များ(၄၀)ပါး  စုစုပေါင်း(၂၄၅)ပါးတို့အား အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း(နန်းတွင်း)မှ ရောဂါရှာဖွေရေးပါရဂူ ဗိုလ်ကြီးလွင်ကိုကိုဌေး ပါ ကာကွယ်ဆေးထိုးအဖွဲ့ (၆)ဦးတို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ထိုးနှံပေးကြသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာသို့ အမှတ်(၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ရင်းမှူးအမှတ်(၂) စစ်နယ်မြေမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးကျော်စိုးနှင့် ဦးတင်မောင်ဝင်းတို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)