(၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား သံတွဲ၌ ကျင်းပ

သံတွဲ မေ ၅

(၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်က သံတွဲခရိုင်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သံတွဲခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရဝင်းက (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းကို ဖတ်ကြားသည်။ ထို့နောက် ဝတ်စား ဆင်ယင်မှု အကောင်းဆုံးပထမဆု၊ ဒုတိယဆုတို့ကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရဝင်း၊ ခရိုင်ဦးစီးအရာရှိ ဦးစံထွန်းတို့က ချီးမြှင့်ပေးကြ သည်။ ဆက်လက်၍ အိမ်ထောင်သည် နှစ်ထပ်လိုင်းခန်းသန့်ရှင်းရေး အကောင်းဆုံးဆု၊ အိမ်ထောင်သည်ပျဉ်ထောင်လိုင်းခန်းသန့်ရှင်းရေး အကောင်းဆုံးဆုနှင့် နှစ်သိမ့်ဆုတို့ကို ခရိုင် မိသားစု စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ထက်ထက်ဝင့်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။

ထို့နောက် အထိမ်းအမှတ်ခြင်းလုံးအားကစားပြိုင်ပွဲ ပထမ၊ ဒုတိယဆုများကို သံတွဲခရိုင် မီးသတ်စခန်းမှူး ဦးမြင့်ဝေ ၊ မြို့နယ်ဦးစီးအရာရှိ ဦးနေလင်းကျော်တို့က ဆုများချီးမြှင့်ပေးကြပြီး သံတွဲခရိုင်မီးသတ်ဦးစီးမှူးက အရန်မီးသတ်တပ်ဖွဲ့ တာဝန်ဝတ္တရာရားများ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အရန်မီးသတ်တပ်ခွဲမှူး ဦးသေသာင်းအေးအား ဝတ်စုံပြည့်တစ်စုံ ပေးအပ် ချီးမြှင့်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး အခမ်း အနားကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်ပခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်