တောင်ကြီး မေ ၆
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသို့ IGE Infa Co.; Ltd လက်အောက်ရှိ ကုမ္ပဏီများမှ မူဆယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မြို့ရေပေးဝေရေးစီမံကိန်းတို့အား ရှင်းလင်းခြင်းကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက မူဆယ်ဒေသသည် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသဖြစ်၍ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် အရေးပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ IGE Infa ကုမ္ပဏီမှ မူဆယ်ဒေသတွင် မည်ကဲ့သို့ဆောင်ရွက်နေ သည်ကို ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကို မိတ်ဆက်ရှင်းလင်းပြီး သက်ဆိုင်သည့် ဌာနဆိုင်များမှ မေးမြန်းချက်ကို ကုမ္ပဏီမှ စိတ်ရှည်စွာဖြင့် ရှင်းလင်းပေးရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မူဆယ်အထူးဖွံ့ဖြိုးရေးဇုန် စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းကိစ္စရပ်များကို လုပ်ငန်းရှင် ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)